back

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အိမ်ရာအချို့တွင် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်မှုများကြောင့် ယနေ့ ညနေ ၄ နာရီအထိ လျှပ်စစ်မီး ယာယီပြတ်တောက်မည်

May 29 • 8:39 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အိမ်ရာအချို့တွင် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်မှုများကြောင့် ယနေ့ ညနေ ၄ နာရီအထိ လျှပ်စစ်မီး ယာယီပြတ်တောက်မည်

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ...

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယနေ့ (မေလ ၂၉ ရက်) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ခွဲရုံအမှတ် (၁၃) ရှိ 11 kV ဖီဒါ (၃) ဓာတ်အားလိုင်းအား ပိတ်ထားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ ဓာတ်အားလိုင်းတစ်လျှောက် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပုံမှန်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်အတွင်းရှိ အိမ်ရာများ၊ ဧက (၆၀၀၀) ကျော်နှင့် ပညာရေးဝန်ထမ်းအိမ်ရာများတွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်နေမည်ဖြစ်ပြီး အဆိုပါပြတ်တောက်မည့် ဧရိယာများရှိ မိဘပြည်သူများကိုလည်း ကြိုတင်အသိပေး နှိုးဆော်ထားပြီးဖြစ်ကြောင်း သိရသည်။

news-view-count-icon

18