back

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ပုဂ္ဂလိကအမှိုက်သိမ်းစနစ် စမ်းသပ်အကောင်အထည်ဖော်မည်

May 29 • 8:37 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ပုဂ္ဂလိကအမှိုက်သိမ်းစနစ် စမ်းသပ်အကောင်အထည်ဖော်မည်

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ပုဂ္ဂလိက အမှိုက်သိမ်းစနစ်ကို စတင်ရန် မြို့ခံပရဟိတအဖွဲ့နှင့် မြို့မိမြို့ဖများက ဦးဆောင်စီစဥ်နေကြောင်း သိရသည်။"အဓိကတော့ စည်ပင...

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ပုဂ္ဂလိက အမှိုက်သိမ်းစနစ်ကို စတင်ရန် မြို့ခံပရဟိတအဖွဲ့နှင့် မြို့မိမြို့ဖများက ဦးဆောင်စီစဥ်နေကြောင်း သိရသည်။"အဓိကတော့ စည်ပင်အင်အားက မလောက်တော့ အမှိုက်သိမ်းဆည်းရေးမှာ ပြည်သူတွေအလိုမကျတာတွေ ဖြစ်လာတယ်၊ ခုလုပ်မယ့်အစီအစဥ်ကလည်း မြို့ရဲ့တစ်ဝက်ကို အရင် ၂ လ စမ်းလုပ်ကြည့်မယ်၊ လုပ်ကြည့်လို့ အဆင်ချောမယ်ဆိုရင်တာ့ တရားဝင် စည်ပင်နဲ့စာချုပ်စာတမ်းနဲ့ ကန်ထရိုက်သဘောမျိုး လုပ်မယ်" ဟု မအူပင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းက ပြောကြားခဲ့သည်။ပုဂ္ဂလိကအမှိုက်သိမ်းစနစ် စမ်းသပ်အကောင်အထည်ဖော်ခြင်းသည် အကျိုးအမြတ်ထက် မြို့နေပြည်သူများ  အဆင်ပြေစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

20