back

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်တွင် ကျားဖြန့်အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်နေသည့် တရားမဝင်တရုတ်နှင့် မြန်မာနိုင်ငံသား ၂၈ ဦးကို ဖမ်းဆီး

May 29 • 8:30 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်တွင် ကျားဖြန့်အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်နေသည့် တရားမဝင်တရုတ်နှင့် မြန်မာနိုင်ငံသား ၂၈ ဦးကို ဖမ်းဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား ၅ ...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား ၅ ဦးနှင့် မြန်မာနိုင်ငံသား ၂၃ ဦး (စုစုပေါင်း ၂၈ ဦး) ကို မေလ ၂၈ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ (မေ ၂၉ ရက်) တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ဖမ်းဆီးမှုအတွင်း ဖုန်း ၉၆ လုံး၊ ကွန်ပျူတာ ၃၆ လုံး၊ Wi-Fi စက်များနှင့် Power Station များအပါအဝင် သက်သေခံပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပြီး၊ ပြစ်မှုကျူးလွန်သူများကို တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူသွားမည်ဟု ဆိုသည်။ ထို့ပြင် ယမန်နေ့က မူဆယ်မြို့ မန့်ဝိန်းရပ်ကွက်ရှိ အခြားကျားဖြန့်ဂိုဏ်းတစ်ခုကိုလည်း ဝင်ရောက်ဖမ်းဆီးခဲ့သော်လည်း ယင်းဖြစ်စဉ်အတွက်မူ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

news-view-count-icon

26