back

၂၀၂၆-၂၀၂၇ ပညာသင်နှစ် မွန်ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို မော်လမြိုင်မြို့၌ ကျင်းပပြီး ကျောင်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့ပေးအပ်

May 29 • 8:29 AM

breaking-news

မြန်မာ

မွန်

cover

၂၀၂၆-၂၀၂၇ ပညာသင်နှစ် မွန်ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို မော်လမြိုင်မြို့၌ ကျင်းပပြီး ကျောင်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့ပေးအပ်

၂၀၂၆-၂၀၂၇ ပညာသင်နှစ် မွန်ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို မေလ ၂၈ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာမွန်...

၂၀၂၆-၂၀၂၇ ပညာသင်နှစ် မွန်ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို မေလ ၂၈ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာမွန်ခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၅ ရက်မှ မေလ ၃၁ ရက်အထိ သတ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက ကျောင်းအပ်နှံရေးနေ့ ပြီးဆုံးပြီးနောက်ပိုင်းတွင်လည်း ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ကျောင်းနေမြဲရေးနှင့် အခြေခံပညာ ပြီးမြောက်အောင် သင်ယူနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြရန် တိုက်တွန်းခဲ့ပြီး၊ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

51