မော်လမြိုင်မြို့ရှိ ကမ်းနားလမ်း၊ ညဈေးတန်းနှင့် မီးပွိုင့်များကဲ့သို့ လူစည်ကားရာနေရာများတွင် ရာဂဏန်းအထိ ရှိလာသော တောင်းရမ်းစားသောက်သည့် ကျောင်းနေအရွယ် ကလေးငယ်များကြောင့် လာရောက်လည်ပတ်သူများ စိတ်အနှောင့်အယှက် ဖြစ်ရသည့်အပြင် ယင်းကလေးငယ်များ၏ နောက်ကွယ်တွင် ငွေကြေးခေါင်းပုံဖြတ်သည့် ဂိုဏ်းများနှင့် အုပ်ထိန်းသူများ အဓိက ပါဝင်ပတ်သက်နေကြောင်း မြို့ခံများနှင့် ကလေးသူငယ်အရေး ဆောင်ရွက်သူများထံမှ သိရသည်။ တောင်းရမ်းနေသည့် ကလေးငယ်အများစုမှာ သီရိမြိုင်၊ သီရိမင်္ဂလာ စသည့် ရပ်ကွက်များနှင့် အခြားမြို့နယ်များမှ မိသားစုလိုက် ပြောင်းရွှေ့လာသူများ ဖြစ်ကြပြီး၊ အသက်မပြည့်သေးသည့် ကလေးငယ်များကို တောင်းရမ်းခိုင်းစေခြင်းသည် ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအရ ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ် ချမှတ်နိုင်သော ပြစ်မှုမြောက်သော်လည်း လက်ရှိတွင် သက်ဆိုင်ရာ တာဝန်ရှိသူများဘက်မှ ထိန်းသိမ်းကြပ်မတ်မှုနှင့် အရေးယူဆောင်ရွက်မှု အားနည်းနေကြောင်း သိရသည်။
May 29 • 8:28 AM
မြန်မာ
မွန်
မျှဝေမည်
| 59 | 0 | 0 | 0 |


