back

မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေစာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ ၄၀၀၀ ကျော်ရှိပြီး မေ ၃၁ ရက်တွင် ဆုချီးမြှင့်မည်

May 29 • 8:13 AM

breaking-news

မြန်မာ

မွန်

cover

မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေစာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ ၄၀၀၀ ကျော်ရှိပြီး မေ ၃၁ ရက်တွင် ဆုချီးမြှင့်မည်

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ မေလ ၂၁ ရက်နေ့က မော်လမြိုင်မြို့ သာသနာ ၂၅၀၀ မွန်ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် မ...

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ မေလ ၂၁ ရက်နေ့က မော်လမြိုင်မြို့ သာသနာ ၂၅၀၀ မွန်ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၅၁၀၅ ဦးအနက် ၄၄၄၂ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။ အောင်မြင်သူများထဲတွင် ထူးချွန်ဆုရရှိသူ ၃၅ ဦးနှင့် သမိုင်းတန်းအားလုံး ဖြေဆိုအောင်မြင်သူ ၁၄၂ ဦး ပါဝင်ပြီး၊ ၎င်းတို့အတွက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို လာမည့် မေလ puppy၃၁ ရက်နေ့တွင် အဆိုပါ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်း၌ပင် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

news-view-count-icon

25