ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် သင်္ကြန်ကာလအပြီး သီတင်းပတ် ၆ ပတ်ဆက်တိုက် ကျဆင်းခဲ့ရာ ဧပြီ ၂၄ ရက် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၁,၁၃၀ နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၁,၄၆၂ အထိ အသီးသီးဈေးကျဆင်းသွားကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ မေ ၂၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။ ဇွန် ၄ ရက်အထိ သတ်မှတ်ထားသည့် ရန်ကုန်မြို့ ရည်ညွှန်းဈေးနှုန်းများမှာ 92 Ron လျှင် ၄,၅၅၀ ကျပ်၊ 95 Ron လျှင် ၄,၆၂၀ ကျပ်၊ ရိုးရိုးဒီဇယ်လျှင် ၄,၅၉၅ ကျပ်နှင့် ပရီမီယံဒီဇယ်လျှင် ၅,၅၅၀ ကျပ် ဖြစ်ပြီး၊ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ဓာတ်ဆီဈေးများ ကျပ် ၃၀ မှ ၃၅ ကျပ်အထိ ဆက်ကျသော်လည်း ဒီဇယ်ဈေးမှာ ကျပ် ၆၅ မှ ၁၃၅ ကျပ်အထိ အနည်းငယ် ပြန်တက်လာခဲ့သည်။ လတ်တလော ကမ္ဘာ့ရေနံစိမ်းဈေးမှာ တစ်စည်လျှင် ၈၈ ဒေါ်လာဝန်းကျင် ရှိနေပြီး ပြည်တွင်း၌ ဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာမှုကြောင့် သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများတွင် ကုန်ကျစရိတ် သက်သာလာနိုင်ကြောင်း လုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။
ပြည်တွင်းစက်သုံးဆီဈေး ၆ ပတ်ဆက်တိုက်ကျဆင်းလာပြီး တစ်လကျော်အတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၁,၁၀၀ ကျော်အထိ ဈေးကျ
May 29 • 8:06 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


