back

ငါးနှစ်ကျော်ရပ်နားခဲ့သည့် စကျင်ကျောက်လုပ်ငန်းများ ပြန်လည်လည်ပတ်

May 29 • 8:00 AM

breaking-news

မြန်မာ

မန္တလေး

cover

ငါးနှစ်ကျော်ရပ်နားခဲ့သည့် စကျင်ကျောက်လုပ်ငန်းများ ပြန်လည်လည်ပတ်

တိုက်ပွဲများကြောင့်ငါးနှစ်ကျော်ရပ်နားခဲ့သည့် စကျင်ကျောက်လုပ်ငန်းများ ပြန်လည်လည်ပတ်လာပြီဖြစ်ကြောင်း စကျင်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ဒေသတွင်းတည်ငြိမ်မှုရရှိခ...

တိုက်ပွဲများကြောင့်ငါးနှစ်ကျော်ရပ်နားခဲ့သည့် စကျင်ကျောက်လုပ်ငန်းများ ပြန်လည်လည်ပတ်လာပြီဖြစ်ကြောင်း စကျင်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ဒေသတွင်းတည်ငြိမ်မှုရရှိခဲ့ပြီးနောက်ပိုင်းမန္တလေးနှင့်မတ္တရာမြို့ ဒေသနှစ်ခုကြား၊ ကူးလူးသွားလာရေးပြန်လည် အဆင်ပြေချောမွေ့လာပြီဖြစ်သည့်အတွက် စကျင်ကျေးရွာရှိ စကျင်ကျောက်ထုတ်လုပ်လုပ်ငန်းများ ပြန်လည်အသက်ဝင်လာကြောင်း သိရသည်။ ယခင်က နှစ်ဖက်ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသလို နယ်မြေမအေးချမ်းသည့်အတွက် ဒေသခံများ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။ ယခုအခါ ယခုနှစ် သင်္ကြန်မတိုင်ခင်ကစ၍ ဒေသတွင်းတိုက်ပွဲဖြစ်ပွားမှုလျော့ကျလာသလို လမ်းပန်းဆက်သွယ်ရေးလည်း အတော်အသင့်ကောင်းမွန်လာပြီဖြစ်သည့်အတွက် စကျင်ကျောက်လုပ်ငန်းပြန်လည်အသက်ဝင်နေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။ 

news-view-count-icon

32