တောင်သူများ ထွန်ယက်စိုက်ပျိုးရေးကို စတင်လုပ်ဆောင်နေကြသောကြောင့် သွင်းအားစုများအား တောင်သူထံသို့ ထိထိရောက်ရောက်ပံ့ပိုးရန်နှင့်အရည်အသွေး ကောင်းမွန်သည့်သွင်းအားစုများဖြစ်စေရေး ဆောင်ရွက်ပေးရန် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က မှာကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ၂၆ရက်က ကျင်းပပြုလုပ်စဥ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်များနှင့်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တောင်သူများထံသို့ သွင်းအားစုများအား ထိထိရောက်ရောက်ပံ့ပိုးရန်နှင့်အရည်အသွေး ကောင်းမွန်သည့်သွင်းအားစုများ ဖြစ်စေရေး ဆောင်ရွက်ပေးရန် ဝန်ကြီးချုပ် မှာကြား
May 29 • 7:59 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


