back

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးတွင် တန်ဖိုးကြီးပစ္စည်းများ ဆက်တိုက်ခိုးယူခံရသော်လည်း ဖမ်းဆီးအရေးယူနိုင်မှု အားနည်းနေ

May 29 • 6:43 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးတွင် တန်ဖိုးကြီးပစ္စည်းများ ဆက်တိုက်ခိုးယူခံရသော်လည်း ဖမ်းဆီးအရေးယူနိုင်မှု အားနည်းနေ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒေသခံများ၏ ဆိုင်ကယ်၊ နေအိမ်တွင်းပစ္စည်းများ၊ ဝါယာကြိုးများနှင့် ရော်ဘာပြားများ ဆက်တိုက်ခိုးယူခံနေရသော်လည်း နယ်မြေစ...

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒေသခံများ၏ ဆိုင်ကယ်၊ နေအိမ်တွင်းပစ္စည်းများ၊ ဝါယာကြိုးများနှင့် ရော်ဘာပြားများ ဆက်တိုက်ခိုးယူခံနေရသော်လည်း နယ်မြေစိုးမိုးထားသည့် အဖွဲ့အစည်းများက ဖမ်းဆီးအရေးယူပေးနိုင်ခြင်း မရှိကြောင်း မေလ ၂၈ ရက်တွင် သိရသည်။ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းမှစတင်ကာ တောင်ပေါက်ဒေသအတွင်းရှိ ကျေးရွာများတွင် ဆိုင်ကယ် ၁၀ စီးထက်မနည်း ခိုးယူခံခဲ့ရပြီး ဂိတ်များတွင် တိုင်ကြားထားသော်လည်း ထူးခြားမှုမရှိပေ။အလားတူ ဘုရားသုံးဆူမြို့အနီးတစ်ဝိုက်တွင်လည်း ခိုးမှုများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း တာဝန်ရှိသူများက စုံစမ်းရှာဖွေပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။လက်ရှိတွင် ဒေသခံများသည် ဖုန်းနှင့် WiFi လိုင်း အခက်အခဲကြောင့် အရေးပေါ်ဆက်သွယ်ရန် ရုန်းကန်နေရပြီး၊ စားဝတ်နေရေးကျပ်တည်းမှုနှင့် လူစိမ်းဝင်ရောက်မှုများကြောင့် ယခုကဲ့သို့ ခိုးမှုများပြားလာခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။ အဆိုပါသူခိုးများကို ထိရောက်စွာ အရေးမယူပါက နောက်ဆက်တွဲ လုယက်မှုများအထိ ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

news-view-count-icon

30