back

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်ရှိ စက်မှု (၁) လမ်းကို ငါးနှစ်ကြာပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်

May 29 • 4:23 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်ရှိ စက်မှု (၁) လမ်းကို ငါးနှစ်ကြာပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်အတွင်းရှိ ဗဟိုဘဏ်နှင့် Passport (မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး) ရုံးရှေ့ရှိ စက်မှု (၁) လမ်းပိုင်းကို ငါးနှစ်ကြာ ပိတ်ထားခဲ့ရာမှ...

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်အတွင်းရှိ ဗဟိုဘဏ်နှင့် Passport (မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး) ရုံးရှေ့ရှိ စက်မှု (၁) လမ်းပိုင်းကို ငါးနှစ်ကြာ ပိတ်ထားခဲ့ရာမှ ယမန်နေ့ မေလ ၂၈ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် လမ်းပိတ်ဆို့မှုများ ဖယ်ရှားကာ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါလမ်းပိုင်းကို ယခင်က လုံခြုံရေးအခြေအနေများကြောင့် ကာလအတန်ကြာ ပိတ်ဆို့တားဆီးထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ လမ်းပြန်လည်ပွင့်သွားပြီဖြစ်၍ ခရီးသွားမိဘပြည်သူများနှင့် ယာဉ်မောင်းသူများအနေဖြင့် ယခင်ကကဲ့သို့ လမ်းလွှဲမောင်းနှင်စရာမလိုဘဲ ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်သည်။

news-view-count-icon

26