၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နည်းပြ ဒယ်လာဖျူအန်တီ ထုတ်ပြန်လိုက်သည့် စပိန်လက်ရွေးစင် ၂၆ ဦး အပြီးသတ်လူစာရင်းတွင် လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းမှ ကစားသမား ၈ ဦးအထိ ပါဝင်လာသော်လည်း ရီးရဲလ်မက်ဒရစ်အသင်းမှ ကစားသမားတစ်ဦးမျှ ရွေးချယ်ခံရခြင်းမရှိပေ။ နည်းပြ ဒယ်လာဖျူအန်တီသည် လာလီဂါအခြေစိုက် ကစားသမား ၁၇ ဦးနှင့် ပြည်ပရောက်ကစားသမား ၉ ဦးဖြင့် လူစာရင်းကို ဖွဲ့စည်းခဲ့ပြီး၊ ဘာစီလိုနာအသင်းမှ ဂိုးသမား ဂျိုအန်ဂါစီယာ၊ အဲရစ်ဂါစီယာ၊ ကူဘရာစီ၊ အိုလ်မို၊ ဂါဗီ၊ ပီဒရီ၊ ဖာရန်တောရက်စ်နှင့် လာမိုင်းယာမယ်တို့ ပါဝင်လာခဲ့သည်။ မတ်လခြေစမ်းပွဲက ပါဝင်ခဲ့သည့် ရီးရဲလ်နောက်ခံလူ ဒင်းဟွိုင်ဆန်ပင် ချန်လှပ်ခံခဲ့ရပြီး၊ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းမှ ဂိုးသမား ဒါးဗစ်ရာယာ၊ ကွင်းလယ်လူ ဇူဘီမန်ဒီနှင့် မီရီနိုတို့လည်း အဆိုပါ ၂၆ ဦးလူစာရင်းတွင် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
စပိန်လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားလူစာရင်းတွင် ရီးရဲလ်မက်ဒရစ်ကစားသမားတစ်ဦးမျှ ပါဝင်မလာ
May 27 • 2:34 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 9 | 0 | 0 | 0 |


