မြန်မာနိုင်ငံတစ်ဝန်းရှိ အစိုးရပညာသင်ကျောင်းများတွင် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ အရေအတွက် ပိုမိုများပြားလာကြောင်း သိရပါတယ်။ယခုနှစ်အတွက် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများကို အစိုးရက ကျောင်းသုံးပုံနှိပ်စာအုပ်များအပြင် ဗလာစာအုပ်၊ ခဲတံနှင့် မူလတန်းကျောင်းသားများအတွက် ကျောင်းဝတ်စုံများကိုပါ အခမဲ့ ပေးအပ်ခဲ့ပြီး ကျောင်းအပ်ခ တစုံတရာ ကောက်ခံမှု မရှိကြောင်း သိရပါတယ်။ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ်ကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်၍ လက်ခံပေးနေခြင်း ဖြစ်ကြောင်း သိရပါတယ်။


မြန်မာနိုင်ငံတစ်ဝန်းရှိ အစိုးရကျောင်းများတွင် ခါတိုင်းနှစ်ထက် ကျောင်းအပ်နှံသူ ပိုမိုများပြားလာ
May 25 • 3:35 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


