ရော်နယ်ဒိုကိုကျော်ဖြတ်ပြီး အယ်နာဆာတိုက်စစ်မှူး ဂျာအိုဖီးလစ် ဆော်ဒီပရိုလိဂ် အကောင်းဆုံးကစားသမားဆု ဆွတ်ခူး

May 23 • 8:36 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရော်နယ်ဒိုကိုကျော်ဖြတ်ပြီး အယ်နာဆာတိုက်စစ်မှူး ဂျာအိုဖီးလစ် ဆော်ဒီပရိုလိဂ် အကောင်းဆုံးကစားသမားဆု ဆွတ်ခူး

အယ်နာဆာအသင်း ဆော်ဒီပရိုလိဂ်ချန်ပီယံဆု ရရှိပြီးနောက် ထုတ်ပြန်လိုက်သည့် တစ်ရာသီအကောင်းဆုံးကစားသမားဆုကို အသက် ၂၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူး ဂျာအိုဖီးလစ်က အသင်း...

အယ်နာဆာအသင်း ဆော်ဒီပရိုလိဂ်ချန်ပီယံဆု ရရှိပြီးနောက် ထုတ်ပြန်လိုက်သည့် တစ်ရာသီအကောင်းဆုံးကစားသမားဆုကို အသက် ၂၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူး ဂျာအိုဖီးလစ်က အသင်းဖော် ရော်နယ်ဒိုကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိသွားကြောင်း သိရသည်။ ချဲလ်ဆီးအသင်းမှ အယ်နာဆာသို့ ယူရိုသန်း ၃၀ ဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဖီးလစ်သည် ၎င်း၏ပထမဆုံးရာသီတွင်ပင် သွင်းဂိုး ၂၀ နှင့် ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ကာ အသင်းကို ချန်ပီယံဖြစ်အောင် ပံ့ပိုးပေးနိုင်ခဲ့ပြီး၊ ယခုကဲ့သို့ ခြေစွမ်းပြနိုင်ရန် ယုံကြည်မှုပေးခဲ့သည့် နည်းပြ ဂျီးဆပ်ကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့သည်။ တစ်ဆက်တည်းမှာပင် အယ်နာဆာအသင်းကို ဆော်ဒီပရိုလိဂ်ချန်ပီယံဆု ရယူပေးခဲ့သည့် ပေါ်တူဂီလူမျိုးနည်းပြ ဂျီးဆပ်ကလည်း အသင်းအတွက် အောင်မြင်မှုရယူပေးပြီးပြီဖြစ်၍ နည်းပြရာထူးမှ ထွက်ခွာတော့မည်ဖြစ်ကြောင်းနှင့် ရော်နယ်ဒိုအတွက် ပထမဆုံး ဆော်ဒီပရိုလိဂ်ချန်ပီယံဆု ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့သည့်အပေါ် ဝမ်းမြောက်မိကြောင်း အတည်ပြုပြောကြားသွားခဲ့သည်။

news-view-count-icon

12