ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ဆပ်ပြာကျင်းကျေးရွာအနီးရှိ ဇလပ်ထော်ရေလှောင်တမံအတွင်း ရေဆင်းကူးသည့် ကလေးငယ်(၄)ဦးရေနစ် သေဆုံးခဲ့မှု ယနေ့ မေ ၂၂ ရက်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ပဲခူးမြို့တွင်နေထိုင်သည့် ကလေးငယ်(၄)ဦးသည် ဇလပ်ထော်ရေလှောင်တမံအတွင်းရေဆင်းကူးရာမှရေနစ်ကာသေဆုံးသွားသဖြင့် ဆယ်ယူမှုများပြုလုပ်ပြီးနောက် တာဝန်ရှိသူများကစစ်ဆေးကာ ရုပ်အလောင်းများအား ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ထို့နောက် အမှတ်(၃)နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၉/၂၀၂၆ ဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဇလပ်ထော်ရေလှောင်တမံအတွင်း ရေဆင်းကူးသည့်ကလေးငယ်(၄)ဦးရေနစ် သေဆုံး
May 22 • 1:20 PM
မြန်မာ
ပဲခူး
မျှဝေမည်
| 6 | 0 | 0 | 0 |


