မြန်မာပိုက်‌ကျော်ခြင်းအသင်း ကိုရီးယားအသင်းနှင့် ကွာတားဖိုင်နယ်ပွဲစဉ် ယနေ့ ယှဉ်ပြိုင်ရမည်

May 22 • 7:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာပိုက်‌ကျော်ခြင်းအသင်း ကိုရီးယားအသင်းနှင့် ကွာတားဖိုင်နယ်ပွဲစဉ် ယနေ့ ယှဉ်ပြိုင်ရမည်

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ်၊ ISTAF  ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၏ အသင်းလိုက် (၃) ယောက်တွဲပွဲစဉ်များတွင် မြန်မာ့လက်ရွ...

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ်၊ ISTAF  ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၏ အသင်းလိုက် (၃) ယောက်တွဲပွဲစဉ်များတွင် မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုဒုတိယဖြင့် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။မြန်မာအသင်းသည် အုပ်စုတွင်းပွဲစဉ်များအဖြစ် အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ရာတွင်(၂)ပွဲ (၁)ပွဲ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး၊ အိမ်ရှင်မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ရာတွင်မူ (၃)ပွဲ ပြတ်ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် အုပ်စု (B)၏ ဒုတိယနေရာဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။၂၀၂၆ ခုနှစ်၊ ISTAF  ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ်ကို ယနေ့မေလ (၂၂) ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ (၁) နာရီခွဲတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် တောင်ကိုးရီးယားအသင်းနှင့် ထိပ်တိုက်တွေ့ဆုံကာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် ဆက်လက်ကြိုးပမ်းသွားရမည်ဖြစ်သည်။

news-view-count-icon

5