တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဖောင်ဒေးရှင်း (KUSAF) သည် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့ကြသည့် စစ်မှုထမ်းဟောင်းများအား ဂုဏ်ပြုသောအားဖြင့် နယ်စပ်မြို့တစ်မြို့ဖြစ်သည့် ပါဂျူးမြို့တွင် ပူးတွဲအထိမ်းအမှတ် အခမ်းအနားတစ်ခုကို ကြာသပတေးနေ့က ကျင်းပခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဆိုးလ်မြို့မြောက်ဘက်၊ ပါဂျူးမြို့ရှိ အင်မ်ဂျင်ဂတ် (Imjingak) အမေရိကန်စစ်တပ် အထိမ်းအမှတ်ဗိမာန်၌ ပြုလုပ်ခဲ့သော အဆိုပါအခမ်းအနားသို့ ကိုရီးယားစစ်မှုထမ်းဟောင်းရေးရာ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။
ကိုရီးယားစစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်မှုထမ်းဟောင်းများအတွက် တောင်ကိုရီးယား- အမေရိကန် ပူးတွဲဂုဏ်ပြုအထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့
May 22 • 7:03 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 5 | 0 | 0 | 0 |


