ပေါ်တူဂီကြယ်ပွင့်စီရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်တွင် ပထမဆုံးချန်ပီယံဆုဖလားကို ဆွတ်ခူးရရှိခဲ့

May 22 • 4:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပေါ်တူဂီကြယ်ပွင့်စီရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်တွင် ပထမဆုံးချန်ပီယံဆုဖလားကို ဆွတ်ခူးရရှိခဲ့

ပေါ်တူဂီကြယ်ပွင့် စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကို ဆော်ဒီပရိုလိဂ်ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ကူညီပေးခဲ့ပြီး ဆော်ဒီအာရေဗျမှာ ၃ နှစ်ကြာ ဆုဖလားလက်မဲ့ ဖြစ်နေခဲ့တ...

ပေါ်တူဂီကြယ်ပွင့် စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကို ဆော်ဒီပရိုလိဂ်ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ကူညီပေးခဲ့ပြီး ဆော်ဒီအာရေဗျမှာ ၃ နှစ်ကြာ ဆုဖလားလက်မဲ့ ဖြစ်နေခဲ့တာကို အဆုံးသတ်ကာ ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။မနေ့ညက ရာသီပိတ် နောက်ဆုံးပွဲစဉ်မှာ အယ်လ်နာဆာအသင်းက ဒါမက်ခ်အသင်းကို (၄-၁) ဂိုးနဲ့ အနိုင်ရခဲ့ ဗိုလ်စွဲခဲ့တာဖြစ်ပြီး ဒီပွဲမှာ ရော်နယ်ဒိုက ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။လီဗာပူးကြယ်ပွင့်ဟောင်း ဆာဒီယိုမာနေးနဲ့ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ် တိုက်စစ်မှူးဟောင်း ကင်းစလေကိုးမန်းတို့ကလည်း ဂိုးတွေအသီးသီး သွင်းယူပေးခဲ့ကြပြီးနောက် အယ်လ်နာဆာအသင်းအတွက် ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆော်ဒီလိဂ်ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အယ်လ်နာဆာအသင်းဟာ ချန်ပီယံဆုကို ပြိုင်ဘက် အယ်လ်ဟီလယ်အသင်းနဲ့ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ပွဲစဉ်မှာကတည်းက ရဖို့ မျှော်လင့်ခဲ့ပေမဲ့ ပွဲပြီးခါနီးအောင်ပွဲခံဖို့ နောက်ဆုံးစက္ကန့်ကျမှ အယ်လ်နာဆာဂိုးသမားကကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ ရော်နယ်ဒိုတယောက် မျက်ရည်ကျခဲ့ရပါတယ်။ မကြာသေးခင်ကလည်း ရော်နယ်ဒိုဦးဆောင်တဲ့ အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ် ၂ နောက်ဆုံးဗိုလ်လုပွဲမှာ ဂျပန်ကလပ်အသင်းကို ရှုံးနိမ့်ခဲ့လို့ ဆုဖလားနဲ့ လက်တကမ်းအလိုမှာ ဝေးကွာခဲ့ရတဲ့ ရှုံးနိမ့်မှုကို ခံစားခဲ့ရပါတယ်။

မနေ့ညက ပွဲမှာတော့ ရော်နယ်ဒိုက ဒုတိယမြောက်ဂိုးသွင်းယူအပြီးမှာ ဝမ်းသာမျက်ရည်တွေ ကျခဲ့ရပြီး ပွဲအပြီးမှာတော့ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ပါတယ်။တဖက်မှာ ပြိုင်ဘက် အယ်လ်ဟီလယ်အသင်းကလည်း အယ်လ်ဖာဟာ အသင်းကို (၁-၀) ဂိုးနဲ့ ကပ်နိုင်ခဲ့ပေမဲ့ အယ်လ်နာဆာအသင်းက ရမှတ် ၂ မှတ်အသာနဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ အခုရာသီ ဆော်ဒီပရိုလိဂ် ပွဲစဉ် ၃၀ မှာ ၂၈ ဂိုးသွင်းပြီး ရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၂၃ ခုနှစ်က မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာလာပြီး ကတည်းက လိဂ်ပွဲစဉ် ၁၀၇ ပွဲမှာ ၁၀၂ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာပါ။အယ်လ်နာဆာအသင်းဟာ စီရော်နယ်ဒို မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ခေါ်ယူခဲ့တာဖြစ်ပြီး ၃ နှစ်ကျော် အကြာမှာ ဆော်ဒီပြည်တွင်း အဓိကဆုဖလားကို ရရှိခဲ့တာ ဖြစ်ပါတယ်။အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုဟာ အယ်လ်နာဆာ ကလပ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ၁၂၉ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး သူရဲ့ ကစားသမားဘဝတလျှောက် စုစုပေါင်း သွင်းဂိုးက ၉၇၃ ဂိုးရှိသွားပြီဖြစ်ကာ ဂိုးပေါင်း ၁,၀၀၀ ပြည့်အောင် ရည်မှန်းကြိုးပမ်းနေပါတယ်။

news-view-count-icon

7