မြန်မာ့ဒူးရင်းပွဲတော်(၂၀၂၆) ရန်ကုန်မြို့တွင် ကျင်းပ

May 19 • 5:43 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မြန်မာ့ဒူးရင်းပွဲတော်(၂၀၂၆) ရန်ကုန်မြို့တွင် ကျင်းပ

ဒူးရင်းသီးနှံဈေးကွက် ချဲ့ထွင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကွန်ရက်များ ချိတ်ဆက်နိုင်ရေး ရည်မှန်းထားကြောင်းသိရသည်။ယနေ့ မေလ ၁၉ ရက်တွင် ရန်ကုန်တိုင...

ဒူးရင်းသီးနှံဈေးကွက် ချဲ့ထွင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကွန်ရက်များ ချိတ်ဆက်နိုင်ရေး ရည်မှန်းထားကြောင်းသိရသည်။ယနေ့ မေလ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်းတွင် “မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆)” ကို ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်စုစုပေါင်း ၂၅၂ ဦး တတ်ရောက်ခဲ့သည်။ ယင်းမြန်မာ့ဒူးရင်းပွဲတော်(၂၀၂၆)ပြပွဲတွင် မြန်မာဒေသထွက် ဒူးရင်းမျိုးရင်းများကို အဓိကထား ပြသပြီး မြန်မာ့ဒူးရင်းများ၏ ပြည်ပဈေးကွက် တိုးချဲ့နိုင်ရေး၊ “မြန်မာ့ဒူးရင်း” အမည်ဖြင့် နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်ရေး၊ ခေတ်မီစိုက်ပျိုးရေးစနစ်များနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများအား ဆွေးနွေးဖလှယ်နိုင်ရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

news-view-count-icon

11