ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊တီကျစ်မြို့အနီး၊ပေါယားကျေးရွာအုပ်စုအတွင်းရှိ ထီရီး၊ မွေတော်ရွာတွင် ပအိုဝ်းရိုးရာ မီးလုံးပွဲကို စည်ကားသိုက်မြိုက်စွာ ပထမနှစ်အဖြစ်ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါမီးလုံးပွဲသည် ပအိုဝ်းတို့၏ရိုးရာပွဲတစ်ရပ်ဖြစ်ပြီး ရိုးရာကို ထိန်းသိမ်းသည့်အနေဖြင့်မီးလုံးစုစုပေါင်း (၂၁) လုံးပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်းသိရှိရပါသည်။ ထိုမီးလုံးပွဲမစတင်မှီ ငလျင်ဘေးကြောင်း မြေခခဲ့သော စေတီထီးတော်များကို ကဆုန် လကွယ် နေ့ (၁၅.၅.၂၀၂၆) တွင်ပြန်လည်တင်လှူခဲ့ပြီး အဆိုပါမီးလုံးပွဲကို စည်စည်ကားကားဖြင့် ဆက်လက်ဆင်နွဲခဲ့ကြောင်းသိရှိရပါသည်။
ရှမ်းပြည်နယ်၊ပင်လောင်းမြို့ရှိ မွေတော်ရွာတွင် ပအိုဝ်းရိုးရာမီးလုံးပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပ
May 19 • 4:03 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 11 | 0 | 0 | 0 |


