မွန်ပြည်နယ်၊မော်လမြိုင်လေဆိပ်တွင် မော်တော်ယာဥ်များ စည်းကမ်းမဲ့ရပ်နားထားသော်လည်း လေဆိပ်တာဝန်ရှိသူများဖြေရှင်းပေးခြင်းမရှိဟု ခရီး သွားများကဆိုသည်။ ခရီးသည်လာကြိုပိုတဲ့ကားတွေက လေဆိပ်ထဲမှာ အဆင်ပြေသလိုရပ်ထားကြတာ လေဆိပ်တာဝန်ရှိသူတွေကလည်း ဒီအတိုင်းကြည့်နေကြတာ ဟု ခရီးသွားတစ်ဦးကဆိုသည်။ ကားရပ်နားနေရာမှာ စနစ်တကျ ရပ်နားအောင်စီစဥ်ပေးရင်တော့ ခရီသွားအားလုံးအဆင်ပြေသွားမယ် အခု ဖြစ်သလိုရပ်ထားတော့ ခရီး သည်ကြိုပို ယာဥ်တွေက လေဆိပ်အပြင်မှာသွားရပ်နေရတယ်ဟု အရာရှိကြီးတစ်ဦးကို လေဆိပ်သို့ လာရောက်ပို့ဆောင်သည့် တပ်ထိန်းအရာရှိတစ်ဦးက ပြောသည်။ အခုက လေဆိပ်ဝန်ထမ်းတွေကားမရှင်းပေးတော့ ကျနော်တို့ကအမြင်မတော်လို့ လိုက်ရှင်းပေးနေရတယ်ဟု ၎င်းကဆိုသည်။ 
မွန်ပြည်နယ်၊မော်လမြိုင်လေဆိပ်တွင် မော်တော်ယာဥ်များစည်းကမ်းမဲ့ရပ်နားထားခြင်းကြောင့် ခရီးသည်များအခက်တွေ့နေ
May 19 • 1:32 AM
မြန်မာ
မွန်
မျှဝေမည်
| 12 | 0 | 0 | 0 |


