မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာအနီးရှိ မိတ္ထီလာ-တောင်ကြီးကားလမ်း၊ မိုင်တိုင်အမှတ် (၅/၂၃) နှင့် (၅/၂၄) ကြားတွင် မေလ ၁၈ ရက် ယနေ့နံနက် ၅ နာရီအချိန်ခန့်က လမ်းပေါ်သို့ ရေကျော်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့သည်။အဆိုပါ လမ်းပိုင်းရေကျော်မှုဖြစ်စဉ်ကြောင့် ခရီးသွားမိဘပြည်သူများနှင့် မော်တော်ယာဉ်များ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် သာစည်မြို့နယ်မီးသတ်စခန်းနှင့် လှိုင်းတက်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက နေရာသို့ အမြန်ဆုံးသွားရောက်၍ လမ်းကြောင်းရှင်းလင်းခြင်းနှင့် လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အားတက်သရော သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာ-တောင်ကြီးကားလမ်း သာစည်မြို့နယ်အတွင်း ရေကျော်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့က ကူညီဆောင်ရွက်ပေးလျက်ရှိ
May 18 • 6:59 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 15 | 0 | 0 | 0 |


