UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Chin Refugee Committee (CRC)အသင်းရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို တက်ရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမယ် လို့ CRC က ထုတ်ပြန်ပါတယ်။ယင်းအခမ်းအနားကို မေလ ၂၇ ရက် မနက် ၉ နာရီမှ ည ၁၁ နာရီအထိ မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမြို့က Jalan Loke Yew မှာ ရှိတဲ့ SJK(C) Chung Kwo ကျောင်းခန်းမမှာ ကျင်းပမှာ ဖြစ်ပါတယ်။UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ဂျိုရှုအာဗန်ဟာ မလေးရှားခရီးစဉ်အပြင် ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ကိုလည်း သွားရောက်မှာဖြစ်ကြောင်း MMA သတင်းတင်ဆက်သူ The Ariel Helwani Show အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။
UFC ချန်ပီယံဂျိုရှုအာဗန်နဲ့ ဖြူဖြူကျော်သိန်းတို့ မလေးရှားမှာ ပရိသတ်တွေနဲ့ တွေ့ဆုံမည်ဖြစ်
May 14 • 1:57 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 32 | 0 | 0 | 0 |


