မတ်လ ၁၁ ရက်၊ ညနေ ၆ နာရီခန့်က သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ စက်ကန်အမှတ် (၄) (ကန်နီရေကန်) တွင် လူငယ် ခြောက်ဦး ရေဆင်းကူးရာမှ နှစ်ဦးရေနစ်နေသေဆုံးသွားခဲ့ကြောင်း သိရသည်။ရေနစ်သေဆုံးသွားသည့် လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို နယ်မြေခံမီးသတ် တပ်ဖွဲ့မှ ရှာဖွေရေးများလုပ်ဆောင်ခဲ့ပြီး၊ စကားဝါလူမှုကူညီရေးအသင်းနှင့် လောကအလင်းလူမှုကူညီရေးအသင်းတို့မှ လူတင်ယာဉ်များဖြင့် သန်လျင် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



