ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း ကျေးလက်တောရွာများတွင် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဘိုးဘွားပိုင်မြေများအား အကွက်ရိုက် ဝယ်ယူပြီး စည်းရိုးခတ်ထားသည်။မြို့ပေါ်တွင် ကျားဖြန့်လုပ်ငန်းများ နေရာအနှံ့ဝင်ရောက်လာသည်နှင့်အမျှ အနှေးနှင့်အမြန် ကျေးရွာများအတွင်း ရောက်ရှိလာတော့မည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။မေလ ၄ ရက်မှ ၉ ရက်အတွင်း ရှမ်းတောင်ဒေသအတွင်း ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ လဲချားမြို့နယ်၊ ဆီးဆောကျေးရွာအနီးတွင် တရုတ်နိုင်ငံသား ၁၃ ဦးနှင့် မြန်မာအမျိုးသမီး ၅ ဦးကို ကွန်ပျူတာ၊ မီးစက်နှင့် ဖျက်ဆီးထားသည့် လက်ကိုင်ဖုန်း ၉၀ ကျော်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။



