နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာရှိ နေအိမ်တစ်လုံးတွင် မေ ၆ ရက်ည ၁၀ နာရီ ၁၇ မိနစ်ခန့်က ဖုန်းအားသွင်းကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကာ ပျက်စီးဆုံးရှုံးမှုများပြားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ပျဥ်းမနားအရန်မီးသတ်တပ်ဖွဲ့တို့ထံမှ သိရသည်။ပျဉ်မနားမြို့နယ်၊ သူဌေးကုန်ကျေးရွာရှိ နေအိမ်တစ်လုံးတွင် ဖုန်းအားသွင်းကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပျဥ်းမနားအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသ-တ်ခဲ့ကြသဖြင့် ည ၁၀ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။မီးလောင်မှုကြောင့် နေအိမ်(၁၃)လုံးပျက်စီးဆုံးရှုံးကာ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂)ဦးတွင် ခြေထောက်ကွဲဒဏ်ရာနှင့် စတင်လောင်ကျွမ်းသည့်နေအိမ်မှ အမျိုးသမီး (၁)ဦးတွင် မီးလောင်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
နေပြည်တော်၊ပျဥ်းမနားမြို့၊ သူဌေးကုန်းကျေးရွာတွင် နေအိမ်မီးလောင်မှုကြောင့် အိမ် ခြေ(၁၃)လုံးပျက်စီးကာ လူ(၃)ဦးဒဏ်ရာရခဲ့
May 07 • 2:06 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 30 | 0 | 0 | 0 |


