မေလ (၄) ရက်နေ့က ကျင်းပခဲ့သော Miss Grand Myanmar 2026 ၏ National Costume ပြိုင်ပွဲတွင် တာချီလိတ်အလှမယ်သည် သီလရှင်ဝတ်စုံကို အသုံးပြု၍ ပုံဖော်ယှဉ်ပြိုင်ခဲ့ခြင်းကြောင့် လူထုအကြား ဘာသာသာသနာကို ပုံဖျက်ရာရောက်သည်ဟုဆိုကာ ဝေဖန်မှုများ ပြင်းထန်နေသည်။
အဆိုပါ ဝတ်စုံကို ဒီဇိုင်နာ အောင်ခိုင်ဦးက ဖန်တီးခဲ့ခြင်းဖြစ်ပြီး၊ အလှမယ်ဘက်မှလည်း စိတ်ထိခိုက်ရသူများအား ပြန်လည်တောင်းပန်ထားသည်။ Miss Grand Myanmar ၏ National Director မရန်ဆိုင်းနော်ကမူ ဤဝတ်စုံမှာ မူလအစီအစဉ်တွင် မပါဝင်ဘဲ ဝတ်ဆင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အလှမယ်အား စာချုပ်ပါအတိုင်း ခံဝန်လက်မှတ်ထိုးစေကာ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။



