မြန်မာမျိုးရင်း ရေချိုပုစွန်ကို သားဖောက်ထုတ်လုပ်ပြီး ၂၀၂၆-၂၀၂၇ ခုနှစ်မှစတင်ကာ လုပ်ငန်းရှင်တွေကို ပုစွန်သားပေါက်တွေ ဖြန့်ဖြူးစေမှာဖြစ်တယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ကပြောပါတယ်။ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့ရှိ ရေချိုပုစွန်သားဖောက်စခန်းကို သွားရောက်ကြည့်ရူစစ်ဆေးစဉ် အခုလို ပြောကြားခဲ့တာပါ။အရင်ကရေချိုပုစွန်သားဖောက်လုပ်ငန်းတွေကို ဝန်ကြီးဌာနက နည်းပညာဖြန့်ဖြူးပေးမှုနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ဆောင်ရွက်ခဲ့ကြပေမဲ့ ရောဂါကျရောက်မှုကြောင့် ၂၀၁၂ခုနှစ်ကစပြီး လုပ်ငန်းတွေရပ်တန့်ခဲ့ရတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ၂၀၂၇ ခုနှစ်မှစကာ လုပ်ငန်းရှင်တွေကိုယ်တိုင် သားဖောက်ထုတ်လုပ်ပြီး မြန်မာမျိုးရင်းပုစွန်တွေ ပြည်တွင်းမှာဖူလုံစွာထုတ်လုပ်နိုင်ရေးနဲ့ ပိုလျှံပါက ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။
မြန်မာမျိုးရင်း ရေချိုပုစွန်သားပေါက်များ ဖြန့်ဖြူးပေးမည်
May 04 • 3:21 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


