တောင်ကြီးမြို့နယ်၊ ပေါမူဒေသတွင် ရိုးရာ မီးရှူး (မီးလုံး) လုတ်ဖိုင် ပြိုင်ပွဲ ကျင်းပမည်

May 03 • 12:51 PM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးမြို့နယ်၊ ပေါမူဒေသတွင် ရိုးရာ မီးရှူး (မီးလုံး) လုတ်ဖိုင် ပြိုင်ပွဲ ကျင်းပမည်

တောင်ကြီးမြို့နယ်၊ မင်္ဂလာကျေးရွာအုပ်စု၊ ကောင်ဝိန်းသံဃာ့တက္ကသိုလ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သော ဗုဒ္ဓပူဇနိယ ပဋ္ဌာန်းအောင်ပွဲ၊ မိုးခေါ်ပွဲအဖြစ် လုတ်ဖိုင်ပြ...

တောင်ကြီးမြို့နယ်၊ မင်္ဂလာကျေးရွာအုပ်စု၊ ကောင်ဝိန်းသံဃာ့တက္ကသိုလ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သော ဗုဒ္ဓပူဇနိယ ပဋ္ဌာန်းအောင်ပွဲ၊ မိုးခေါ်ပွဲအဖြစ် လုတ်ဖိုင်ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး မီးရှူး (မီးလုံး) ဝါသနာရှင်များအား လာရောက်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။ပြိုင်ပွဲဝင် မီးလုံးများကို ဝင်ကြေး သတ်မှတ်ထားပြီး ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်အဖွဲ့ အရေအတွက် အပေါ် မူတည်၍ ဆုကြေးသတ်မှတ်ကာ ပထမ၊ ဒုတိယ၊ တတိယဆုများကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။အဆိုပါ ပေါမူဒေသ မီးလုံး လုတ်ဖိုင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မီးလုံးများအား အရွယ်အစား အရှည် ၃ ပေ၊ ၃ လက်မ သတ်မှတ်ထားပြီး ပြိုင်ပွဲဝင် မီးလုံးများကို မေလ ၁၆ ရက်တွင် မဲနှိုက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။




news-view-count-icon

10