နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မိုးစွေအုပ်စု၊ မိုးစွေ-လွင်သာယာလမ်းမှာ ဝါးတင်တဲ့ကားတစီးတိမ်းမှောက်လို့ နေရာမှာပဲ ၁၆ ယောက်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းမှာ ဝါးခုတ်ပြီးတင်ဆောင်လာတဲ့ ခြောက်ဘီး ကားဟာ မြေသားကျွံကျပြီး ချောက်ထဲတိမ်းမှောက်ခဲ့တာ ဖြစ်ကြောင်း ၊တိမ်းမှောက်မှုကြောင့် သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၂၀ လောက်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေပါကြောင်း ၊ ထိခိုက်ဒဏ်ရာ ရသူတွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံနဲ့ တောင်ညိုတိုက်နယ်ရှိ ဆေးရုံတို့ကို ပို့ဆောင်ထားတယ် လို့ သိရပါတယ်။ ယာဥ်တိမ်းမှောက်မှုအတွင်း သေဆုံးနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေဟာ မိုးစွေကျေးရွာအုပ်စုနဲ့ တောင်ညိုကျေးရွာအုပ်စုက ဖြစ်ကြောင်းသိရပါတယ်။
ဧပြီ ၃၀ နေ့ကလည်း နေပြည်တော် ဗုဒ္ဓဂယာက ဘုရားဖူးပြန်လာတဲ့ သုံးဘီးဆိုင်ကယ်မှောက်လို့ ၁၂ယောက် ဒဏ်ရာရပြီး တယောက်သေဆုံးခဲ့ပါသေးတယ်။



