ထိုင်း အာဏာပိုင်တွေဟာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အနီး Sa Kaeo မှာ ရှိတဲ့ ဂိုဒေါင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ဘန်ကောက်မြို့ကို ပို့ဆောင်ဖို့ ပြင်ဆင်ထားတဲ့ ဘဲဥ ၁၄,၀၀၀ ကျော်နဲ့အတူ အလှကုန်၊ အဖျော်ယမကာနဲ့ အခြောက်အစာတွေ အပါအဝင် တရားမဝင်ကုန်ပစ္စည်းပေါင်း ၂၀,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ဒီစီးနင်းမှုအတွင်းမှာ သံသယရှိသူ ၃ ဦးကို ဖ-မ်းဆီးရမိခဲ့ပြီး အဲဒီထဲမှာ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၄၈ နှစ်အရွယ် ဂိုဒေါင်ပိုင်ရှင် အမျိုးသမီးနဲ့ အိမ်စောင့်အဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးတို့ ပါဝင်ပါတယ်။ လောလောဆယ်မှာတော့ အာဏာပိုင်တွေက သူတို့ကို တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေးဥပဒေနဲ့ အကောက်ခွန်ဥပဒေတွေအရ အမှုဖွင့် အရေးယူထားပြီး ဒီမှောင်ခိုဂိုဏ်းနဲ့ ဆက်စပ်နေတဲ့ တခြားသူတွေကိုလည်း ဆက်လက်စုံစမ်း ရှာဖွေနေပါတယ်။
ထိုင်းနိုင်ငံ၊Sa Kaeo မှာ ဘန်ကောက်ကို ပို့မယ့် ကုန်ပစ္စည်း အတု ၂၀,၀၀၀ ကျော်ကို ဂိုဒေါင်တစ်ခုအတွင်း ဝင်ရောက်စီးနင်းသိမ်းဆည်း
Apr 30 • 2:43 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


