ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့အနီးရှိ တောင်ပို့လှကျေးရွာတွင် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဧပြီလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည်။ အဆိုပါအမျိုးသမီးသည် ကျေးရွာလမ်းအနီးရှိ ပိန္နဲပင်တွင် သူမ၏ လွယ်အိတ်ကြိုးကို အသုံးပြုကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး၊ မိသားစုနှင့် အဆင်ပြေသူဖြစ်သည့်အတွက် မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့သည်ကိုမူ အတိအကျမသိရှိရသေးပေ။ သေဆုံးသူ၏ ရုပ်အလောင်းကို အောင်ပန်းမြို့ နာရေးကူညီမှုအသင်းက ကူညီသယ်ဆောင်ပေးခဲ့ပြီး အောင်ပန်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့အနီးရှိ တောင်ပို့လှကျေးရွာမှာ အမျိုးသမီးတဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား
Apr 26 • 7:16 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 6 | 0 | 0 | 0 |


