ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ် (၂)ရပ်ကွက်၊ အကြော်တန်းလမ်းမှာ ဧပြီ(၄)ရက် နေ့လယ်(၂)နာရီ(၄၅)မိနစ်အချိန်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဲဒီမီးလောင်မှုဖြစ်စဉ်မှာ လူ(၁) ယောက် သေဆုံးခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးကနေသိရပါတယ်။
ဖြစ်စဉ်မှာ ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အကြော်တန်းလမ်းရှိ ဂတ်အိုးအရောင်းဆိုင်တစ်ဆိုင်မှာမီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းချိန်မှာ ဂတ်အိုးတွေပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ အခြားဆိုင်ခန်း(၁၅)ခန်းကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ဆိုပါတယ်။
မီးလောင်မှုကြောင့် gasဆိုင်ဝန်ထမ်း(၁)ယောက်သေဆုံးပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုပါတယ်။အဲဒီမီးလောင်မှုကို ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဌာနက မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ် ယာဉ် (၄)စီးအသုံးပြုပြီး မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ နေ့လယ်(၃)နာရီ(၄၅) မိနစ်အချိန်လောက်မှာ မီးငြိမ်းခဲ့တယ်လို့သိရပါတယ်။



