မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ အမှတ် (၂) ရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

Apr 03 • 4:45 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ အမှတ် (၂) ရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ နံနက်အစောပိုင်း ၀၀:၁၂ နာရီအချိန်ခန့်က နေအိမ်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့...

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ နံနက်အစောပိုင်း ၀၀:၁၂ နာရီအချိန်ခန့်က နေအိမ်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ မီးလောင်မှုသတင်းအရ ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ မီးသတ်ရေသယ်ယာဉ် (၂) စီး နှင့် သဲတောနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ စုစုပေါင်း ယာဉ် (၆) စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၀၀:၂၄ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

news-view-count-icon

5