မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက် (၇) ရှိ ခရစ်ယာန်သုဿာန်ဟောင်းအနီးတွင် ဆိုင်ကယ်နှင့် ဟိုက်ဂျက် (Hijet) ဟု ယူဆရသော ကားတစ်စီး အရှိန်ပြင်းစွာ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ဆိုင်ကယ်ပေါ်၌ လိုက်ပါလာသူ သုံးဦးအနက် အမျိုးသမီးတစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးတို့မှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား သန္တိသုခလူမှုကူညီရေးအသင်းက ပြင်ဦးလွင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ယာဉ်တိုက်မှုကြောင့် ထိခိုက်သူများသည် မိသားစုဝင်များဖြစ်နိုင်ကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။
ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ်နှင့် ကားမျက်နှာချင်းဆိုင်တိုက်မိပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိ
Apr 03 • 4:44 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 11 | 0 | 0 | 0 |


