ဘန်ကောက် ဈေးဝယ်စင်တာမှာ ဗီယက်နမ် ခရီးသွားရဲ့ အိတ်ကို ခိုးတဲ့ မြန်မာအမျိုးသား အဖမ်းခံရ

Mar 24 • 4:17 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက် ဈေးဝယ်စင်တာမှာ ဗီယက်နမ် ခရီးသွားရဲ့ အိတ်ကို ခိုးတဲ့ မြန်မာအမျိုးသား အဖမ်းခံရ

ဘန်ကောက်မြို့လယ် Pathumwan နယ်မြေရှိ စျေးဝယ်စင်တာတစ်ခုတွင် ဗီယက်နမ်အမျိုးသမီး ခရီးသွားတစ်ဦး၏ ကျောပိုးအိတ်ကို ခိုးယူခဲ့သည့် အသက် ၃၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦ...

ဘန်ကောက်မြို့လယ် Pathumwan နယ်မြေရှိ စျေးဝယ်စင်တာတစ်ခုတွင် ဗီယက်နမ်အမျိုးသမီး ခရီးသွားတစ်ဦး၏ ကျောပိုးအိတ်ကို ခိုးယူခဲ့သည့် အသက် ၃၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်ပြီး နှစ်နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ မတ်လ ၂၂ ရက် ညပိုင်းက ဗီယက်နမ်ခရီးသွားမှာ စျေးဝယ်နေစဉ် အိတ်ခိုးခံရသဖြင့် ရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို အမြန်ဆုံးစစ်ဆေးပြီး နောက်ယောင်ခံလိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုင်းစကား ကျွမ်းကျင်စွာပြောဆိုနိုင်သည့် အဆိုပါမြန်မာအမျိုးသား၏ အခန်းအတွင်းမှ ပျောက်ဆုံးသွားသော ကျောပိုးအိတ်နှင့်အတူ ထိုင်းဘတ်ငွေ ၉,၅၀၀ အပါအဝင် အမေရိကန်ဒေါ်လာနှင့် ဗီယက်နမ်ဒေါင် ငွေကြေးများကို ပြန်လည်သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် ၎င်းအား ခိုးမှုဖြင့် အရေးယူရန် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးထားကြောင်း သိရှိရပါသည်။

news-view-count-icon

10