မြန်မာရိုးရာလက်ဝှေ့ဖိုက်တာ ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ ဆမင်းဒမ်း (လိပ်နင်ဂျာ) တို့သည် မတ်လ ၁၉ ရက် ဝိတ်ချိန်ဆေးစစ်မှုတွင် ဝိတ်ကွာခြားချက်ရှိခဲ့သော်လည်း ပွဲကို ဆက်လက်ထိုးသတ်ရန် အတည်ပြုလိုက်ပြီဖြစ်သည်။ ဝိတ်ချိန်ရာတွင် ဆမင်းဒမ်းက ၁၃၆.၂ ပေါင်နှင့် ကျော်စွာဝင်းက ၁၃၄.၈ ပေါင် အသီးသီးရှိခဲ့ကြပြီး ဝိတ်ကွာဟမှုကြောင့် ကျော်စွာဝင်းဘက်မှ ဆမင်းဒမ်း၏ ထိုးကြေး ၃၀ ရာခိုင်နှုန်းကို ခံစားခွင့်ရရှိမည်ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် မတ်လ ၂၀ ရက် ညပိုင်းတွင် ကျင်းပမည့် ONE Friday Fights-147 ပွဲစဉ်၌ ယှဉ်ပြိုင်ကြမည်ဖြစ်ရာ နိုင်ပွဲဆက်နေသည့် ဆမင်းဒမ်း၏ အောက်ခြေကန်ချက်များနှင့် ကျော်စွာဝင်း၏ ပြင်းထန်သော လက်သီးချက်၊ Counter striker ကစားကွက်တို့ ထိပ်တိုက်တွေ့ဆုံမည့်ပွဲအဖြစ် ပရိသတ်များ စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရပါသည်။
ဝိတ်ကွာခြားမှုရှိသော်လည်း ကျော်စွာဝင်းနှင့် ဆမင်းဒမ်းတို့၏ ONE Friday Fights ပွဲစဉ် အတည်ပြု
Mar 20 • 2:21 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


