၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (G12 စာမေးပွဲ)ကို ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအတွင်း အခြေခံပညာကျောင်းများ အသီးသီး၌ ယနေ့(မတ်လ ၁၁ ရက်) နံနက် ၉ နာရီက တစ်ပြိုင်နက်တည်း စတင်ကျင်းပခဲ့ကြောင်း သိရသည်။စာမေးပွဲဖြေမယ့်ကလေးတွေကို လာပို့ရင်း ပြီးတဲ့အထိ ဒီနားမှာပဲ စောင့်နေတာပါ၊ မနှစ်ကထက်တော့ ဖြေတဲ့ကလေးက နည်းနည်းများလာတယ်၊ များလာတယ်ဆိုပေမယ့် ဟိုးအရင် ၂၀၂၁ အရှေ့ပိုင်းကာလက ဖြေတဲ့အနေအထားလောက်တော့ မမှီသေးဘူး၊ တစ်ခုပြောစရာရှိတာက ဒီနှစ်က မီးနည်းနည်းမှန်နေလို့ စာမေးပွဲဖြေမယ့်ကလေးတွေအတွက် အဆင်ပြေတယ်၊ မနှစ်တုန်းကစာမေးပွဲမတိုင်ခင်ကတည်းက ဒီလိုအချိန်လောက်အထိ မီးခဏခဏပျက်နေတော့ စာမေးပွဲဖြေမယ့် ကလေးတွေ အတွက်လည်း အခက်အခဲဖြစ်ခဲ့ရတယ်၊ ကလေးတွေ အကုန်လုံးအောင်အောင်မြင်မြင်ဖြေနိုင်ဖို့ မျှော်လင့်ပါတယ်”ဟုလည်း G12 စာသင်စာကျက်ဝိုင်းတစ်ခု၏ တာဝန်ခံဆရာကရှင်းပြသည်။ယခုကျင်းပနေသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန်စာရင်းသွင်းဦးရေမှ ၂၆၀,၀၀၀ ကျော်ရှိပြီး လွန်ခဲ့သော ၂၀၂၅ ခုနှစ်က ဖြေဆိုသူ ၂၀၇,၈၉၈ ဦးရှိသည့်အတွက် ယခုနှစ်တွင် ဖြေဆိုရန်စာရင်းသွင်းဦးရေမှာ ယခင်နှစ်ကထက် အနည်းငယ်တိုးလာကြောင်း၊ တစ်နိုင်ငံလုံးတွင် စာစစ်ဌာန ၈၉၀ ဖွင့်လှစ်ကာ မတ်လ ၁၇ ရက်အထိ စာမေးပွဲရက်ကို သတ်မှတ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။



