စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့၌ ရှမ်းနီအမျိုးသားနေ့ ကျင်းပဖို့ ပြင်ဆင်နေ

Mar 10 • 2:43 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့၌ ရှမ်းနီအမျိုးသားနေ့ ကျင်းပဖို့ ပြင်ဆင်နေ

လာမယ့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်မယ့် (၄၉၉) နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နမ့်တော...

လာမယ့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်မယ့် (၄၉၉) နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နမ့်တောမြို့၊ သက္ကယ်တောင်ကျေးရွာမှာ ရှမ်းနီအမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီ၊ ရှမ်းနီအမျိုးသားများပြည်နယ်မှ ဦးဆောင်၍ ကျင်းပဖို့ ပြင်ဆင်နေတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။မတ်လ ၁၃ ရက် မနက် ၉ နာရီမှာ တရားနာယူခြင်း၊ ၁၀ နာရီ ၃၀ မိနစ်မှာ ဆွမ်းကပ်လှူဒါန်းခြင်းကို နမ့်တောမြို့ မေဃိန္ဒာရာမကျောင်းတိုင်မှာ ကျင်းပသွားမှာဖြစ်ကြောင်း၊ ညနေ ၄ နာရီမှာ သက္ကယ်တောင် ဟန်မောက်ယာမဏ္ဍပ်မှာ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ပြီး ည ၇ နာရီမှာတော့ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။အဲဒီနောက် မတ်လ ၁၄ ရက် မနက် ၉ နာရီမှာ ရှမ်းနီရိုးရာအစားအစာပြိုင်ပွဲ ကျင်းပ၍ ညနေ ၅ နာရီမှာ ဆုချီးမြှင့်ပွဲ နဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို သက္ကယ်တောင် ဟန်မောက်ယာမဏ္ဍပ်မှာ ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။

news-view-count-icon

12