အေစီမီလန်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်(၂၈)မှာ မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ၂၀၁၀-၁၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မီလန်ဒါဘီနှစ်ကျော့စလုံး အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။အေစီမီလန်အသင်းဟာ နိုဝင်ဘာလက ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပထမအကျော့ပွဲစဉ်မှာလည်း အင်တာမီလန်အသင်းကို (၁-၀)ဂိုးနဲ့ပဲ အနိုင်ယူခဲ့တာပါ။အေစီမီလန်အသင်းက ၂၀၁၀-၁၁ ရာသီတုန်းက အဝေးကွင်းမှာ (၁-၀)ဂိုး၊ အိမ်ကွင်းမှာ (၃-၀)ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီရာသီတုန်းက အေစီမီလန်အသင်း စီးရီးအေချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။ဒီရာသီမှာလည်း မီလန်ဒါဘီပွဲမတိုင်ခင် အင်တာမီလန်အသင်းက (၁၀)မှတ်ဖြတ်ဦးဆောင်နေခဲ့ပေမဲ့ အေစီမီလန်အသင်း အနိုင်ရခဲ့တာကြောင့် (၇)မှတ်အကွာနဲ့ ချန်ပီယံမျှော်လင့်ချက် ပြန်လည်ရှင်သန်ခဲ့ပါတယ်။အင်တာမီလန်အသင်းကတော့ မီလန်ဒါဘီပထမအကျော့မှာ ရှုံးနိမ့်ခဲ့ပြီးကတည်းက စီးရီးအေမှာ ရှုံးပွဲမရှိဖြတ်သန်းနိုင်ခဲ့ပြီး အခု မီလန်ဒါဘီဒုတိယအကျော့မှာ စီးရီးအေရှုံးပွဲနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
၂၀၁၀-၁၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မီလန်ဒါဘီနှစ်ကျော့စလုံးကို အေစီမီလန်အသင်း အနိုင်ရရှိ
Mar 09 • 2:22 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


