ထိုင်း ဆင်းကဒ် အမည်ခံမှတ်ပုံတင်ပေးပါက ထောင်ဒဏ် (၃) နှစ်ချခံရနိုင်

Mar 09 • 2:21 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း ဆင်းကဒ် အမည်ခံမှတ်ပုံတင်ပေးပါက ထောင်ဒဏ် (၃) နှစ်ချခံရနိုင်

ထိုင်းနိုင်ငံ၌ ကျားဖြန့်၊ လိမ်လည်မှုလုပ်ငန်းတွေလုပ်ဖို့ ဆင်းကဒ်တွေကို နာမည်ခံ အစားထိုးဖွင့်ပေး၊ မှတ်ပုံတင်ပေးသူတွေဟာ ထောင်ဒဏ် (၃) နှစ် နဲ့ ဒဏ်ကြေး ဘတ် ၃ သိန်းချ...

ထိုင်းနိုင်ငံ၌ ကျားဖြန့်၊ လိမ်လည်မှုလုပ်ငန်းတွေလုပ်ဖို့ ဆင်းကဒ်တွေကို နာမည်ခံ အစားထိုးဖွင့်ပေး၊ မှတ်ပုံတင်ပေးသူတွေဟာ ထောင်ဒဏ် (၃) နှစ် နဲ့ ဒဏ်ကြေး ဘတ် ၃ သိန်းချခံနိုင်ရသလို ပြစ်ဒဏ် ၂ ခုလုံးလည်း ချမှတ်ခံရနိုင်ပါတယ်။ဒါက အစိုးရရဲ့ ကျားဖြန့်တိုက်ဖျက်ရေး အစီအစဥ်တွေထဲက တစ်ခုဖြစ်ပြီး ဆင်းကဒ်တွေ အသုံးပြု လိမ်လည်နေတာကို ကာကွယ်ဖို့အရွေ့ပါ။ အခုလို ဆင်းကဒ်အသုံးချမှတ်ပုံတင်တာကို ပွဲစားလုပ်နေသူ၊ ဦးစီးဦးဆောင်လုပ်နေသူတွေကတော့ ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ခံရနိုင်ပြီး ထောင်ဒဏ် ၂ နှစ် ကနေ ၅ နှစ်၊ ဒဏ်ငွေ ဘတ် ၂ သိန်းကနေ ၅ သိန်းအထိ ချမှတ်ခံရနိုင်ပါတယ်။

news-view-count-icon

19