၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေး၏ သံတမန်ရေးရာဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို မတ်လ ၈ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်ပြီး ဖြေကြားရာတွင် တရုတ်နှင့်အမေရိကန်တို့သည် အဓိကအင်အားကြီး နိုင်ငံများဖြစ်ကြပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြောင်းလဲ၍မရသော်လည်း နှစ်နိုင်ငံ ဆက်ဆံရေး နည်းလမ်းကို ပြောင်းလဲ၍ရကြောင်း၊ အပြန်အ လှန် လေးစားမှုကို စွဲကိုင်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကိုလိုက်နာကာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရှေ့အလားအလာကို ရရှိမည်ဖြစ်ကြောင်း၊ ယင်းသည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် နိုင်ငံတကာမိသားစုကြီး၏ မျှော်မှန်းချက်နှင့် ကိုက်ညီကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်တို့သည် အမြင့်ဆုံးအဆင့်မှနေ၍ ကောင်းမွန်သော ကူးလူးဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့ကာ တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန်အတွက် အရေးကြီးသော မဟာဗျူဟာမြောက် အာမခံချက်ကိုပေးအပ်ခဲ့ပြီး အတက်အကျများရှိနေသော်လည်း တရုတ်-အမေရိကန် ဆက်ဆံရေးအား အလုံးစုံတည်ငြိမ်မှုရရှိရန် မြှင့်တင်ပေးခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်-အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်တို့သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးသော မဟာဗျူဟာမြောက် အာမခံချက်ပေးအပ်ခဲ့ကြသည်ဟု ဝမ်ယိဆို
Mar 09 • 1:44 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


