ကျိုင်းတုံတွင် ဌာနဆိုင်ရာများကို စက်သုံးဆီ လိုသလောက် ရောင်းပေးသော်လည်း ပြည်သူများကို ယာဉ်လိုင်စင်ရှိမှသာ ရောင်းရန် အမိန့်ထုတ်ထား

Mar 07 • 2:04 AM

breaking-news

မြန်မာ

ရှမ်း

cover

ကျိုင်းတုံတွင် ဌာနဆိုင်ရာများကို စက်သုံးဆီ လိုသလောက် ရောင်းပေးသော်လည်း ပြည်သူများကို ယာဉ်လိုင်စင်ရှိမှသာ ရောင်းရန် အမိန့်ထုတ်ထား

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် စက်သုံးဆီ လိုသလောက် ခွဲတမ်းများဖြင့် ရောင်းချပေးနေရသော်လည်း ဒေသခံပြည်သူများကိုမူ ယာဉ်လိုင်စင်ရှိမှသာ ဆီရောင်းချပ...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် စက်သုံးဆီ လိုသလောက် ခွဲတမ်းများဖြင့် ရောင်းချပေးနေရသော်လည်း ဒေသခံပြည်သူများကိုမူ ယာဉ်လိုင်စင်ရှိမှသာ ဆီရောင်းချပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူက အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။ ကျိုင်းတုံစက်သုံးဆီအသင်း၏ ပေါက်ကြားလာသော စာရင်းများအရ စည်ပင်နှင့် လမ်းဦးစီးဌာနတို့အား လီတာရာချီ၍ ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေရသော်လည်း ပြည်သူများအတွက်မူ ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၅,၀၀၀ ဖိုးနှင့် အိမ်စီးကားတစ်စီးလျှင် ၃၀,၀၀၀ ဖိုးသာ ကန့်သတ်ရောင်းချပေးနေခြင်းဖြစ်သည်။ ထို့ပြင် ဆီဆိုင်များကိုလည်း တစ်ရက်လျှင် ၃ နာရီသာ ဖွင့်လှစ်ခွင့်ပေးထားပြီး လိုင်စင်မဲ့ယာဉ်များကို ဆီရောင်းချခြင်းမပြုရန် တင်းကျပ်ထားမှုကြောင့် ဒေသခံများမှာ ဆီဝယ်ယူရန် အခက်အခဲကြီးစွာ ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။

news-view-count-icon

29