စင်ကာပူနိုင်ငံသား နာမည်ကြီးဓာတ်ပုံဆရာ Chuando Tan ဟာ သူ့ရဲ့ အသက် ၆၀ ပြည့် မွေးနေ့မှာလည်း နုပျိုလွန်းတဲ့ ရုပ်ရည်ကြောင့် အင်တာနက်စာမျက်နှာထက်မှာ တစ်ကျော့ပြန် နာမည်ကြီးနေပြန်ပါတယ်။ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က Chuando ဟာ သူ့ရဲ့ Instagram အကောင့်မှာ အသက် ၆၀ ပြည့် မွေးနေ့အထိမ်းအမှတ် ဓာတ်ပုံတွေကို တင်ခဲ့တာဖြစ်ပြီး Jeep ကားတစ်စီးဘေးမှာ အင်္ကျီကြယ်သီးအချို့ ဖြုတ်ကာ အသက် ၆၀ ဆိုတဲ့ နံပါတ်ပူဖောင်းတွေကို ကိုင်ထားတဲ့ သူ့ရဲ့ပုံစံဟာ ဆယ်ကျော်သက်တစ်ယောက်လို ခန့်ညားနေတာကို တွေ့ရပါတယ်။ဒီဓာတ်ပုံတွေတင်ပြီး ၂၄ နာရီအတွင်းမှာပဲ Like ပေးသူ ၃ သိန်းခွဲနီးပါး ရှိခဲ့ပြီး မှတ်ချက်ပေးသူတွေကတော့ သူ့ရဲ့အသက်ကို လုံးဝမယုံကြည်နိုင်ဘဲ "မင်းက အသက် ၃၅ နှစ်မျက်နှာနဲ့ အသက် ၆၀ ပြည့်ကို ကျင်းပနေတာလား" ဆိုပြီးတော့တောင် နောက်ပြောင်အံ့သြနေကြတာ တွေ့ရပါတယ်။Chuando ကတော့ သူ့ရဲ့နုပျိုခြင်းလျှို့ဝှက်ချက်ဟာ နေ့စဉ်စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ စိတ်နေစိတ်ထားအပေါ်မှာပဲ မူတည်တယ်လို့ အရင်က အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ဖူးပါတယ်။ တစ်နေ့တာ စားသုံးတဲ့ ကယ်လိုရီနဲ့ ပြန်လည်လောင်ကျွမ်းစေတဲ့ ပမာဏကို မျှတအောင်နေထိုင်သလို အမြဲတမ်း အပြုသဘောဆောင်တဲ့ စိတ်ထားမျိုး မွေးမြူထားဖို့လည်း သူက အကြံပြုထားပါတယ်။
စင်ကာပူနိုင်ငံသား နာမည်ကြီးဓာတ်ပုံဆရာတစ်ယောက်ရဲ့ အသက် ၆၀ ပြည့်မွေးနေ့မှာ ၎င်း၏ နုပျိုလွန်းတဲ့ ရုပ်ရည်ကြောင့် အင်တာနက်မှာ နာမည်ကြီးနေ
Mar 05 • 1:26 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


