မန္တလေးအိုးဘိုထောင်ရှေ့တွင် ညအချိန်ထိ လွတ်မြောက်လာသူများကို စောင့်ဆိုင်းနေ

Mar 02 • 2:46 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးအိုးဘိုထောင်ရှေ့တွင် ညအချိန်ထိ လွတ်မြောက်လာသူများကို စောင့်ဆိုင်းနေ

 မန္တ​လေးတိုင်းဒေသကြီးအတွင်းရှိ အကျဥ်းထောင်အသီးသီးတွင်  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂(က)တို့ဖြင့် အကျဥ်းကျခံနေရသည့်အကျဥ်းသား ၃၄၁၉ ဦးလွတ...

 မန္တ​လေးတိုင်းဒေသကြီးအတွင်းရှိ အကျဥ်းထောင်အသီးသီးတွင်  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂(က)တို့ဖြင့် အကျဥ်းကျခံနေရသည့်အကျဥ်းသား ၃၄၁၉ ဦးလွတ်​မြောက်မည်ဖြစ်ရာ မန္တလေးမြို့၊ ​အောင်မြေသာစံမြို့နယ်ရှိ အိုးဘိုအကျဥ်းထောင်ရှေ့၌ ညအချိန်ထိစောင့်ဆိုင်းကြိုဆိုမှုများရှိနေကြောင်း သတင်းရရှိသည်။မန္တ​လေး အိုး​ဘို​အကျဥ်းထောင်တွင် အကျဥ်းသား၊ အကျဥ်းသူ စုစု​ပေါင်း ၁၃၉၈ ဦးလွတ်​မြောက်မည်ဖြစ်ကာ ယခုည ၈နာရီကျော်သည်ထိ လွတ်မြောက်လာသူများကို စောင့်ဆိုင်း​ကြိုဆိုနေကြဆဲဖြစ်ကြောင်း သိရသည်။




news-view-count-icon

18