မန္တလေးမြို့တွင် အလှူပွဲများလှည့်လည်ရာ၌ ဆင်များကိုပိုမိုထည့်သွင်းအသုံးပြုလာကြောင်း ဒေသခံများထံမှ သိရသည်။အလှူပွဲများတွင် ရှင်လောင်းများနှင့်အလှူရှင်များစီးနင်းရန်အတွက် ဆင်များထည့်သွင်းအသုံးပြုလာခြင်း ဖြစ်သည်။"အလှူတိုင်းလိုလိုကဆင်တွေထည့်လာကြတာတွေ့ရတယ်။ ငွေတတ်နိုင်သလောက် ဆင် အနည်းအများပဲကွာမယ်။ အရင်နှစ်တွေတုန်းက ဒီလောက်ဆင်တွေသိပ်မသုံးကြဘူး။ မြင်းတွေ လှည်းတွေပဲများတာ။ ဒီနှစ်မှဆင်တွေပိုများလာတာ"ဟု အောင်မြေသာစံမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။မန္တလေးမြို့တွင် ရှေးယခင်ကတည်းက ယခုကဲ့သို့ကျောင်းပိတ်ကာလအတွင်း အလှူပွဲများပြုလုပ်သည့် ဓလေ့ရှိခဲ့ပြီး မြို့တွင်းလှည့်လည်မှုများပြုလုပ်ကြခြင်းဖြစ်သည်။
မန္တလေးမြို့ရှိ အလှူပွဲများတွင် ဆင်များသုံးစွဲမှုများပြားလာ
Feb 22 • 1:45 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 22 | 0 | 0 | 0 |


