ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နာရီစင်အနီး ညဈေးကို စျေးသည်ပေါင်း (၆၀၀)နီးပါး စျေးရောင်းပြီး ဘဝရပ်တည်နေသူများအတွက် အလွန်ခက်ခဲမှု တစ်ခုဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။ထိုညစျေးနေရာကို ဖျက်သိမ်းပြီး တောင်ကြီး City Squareကုန်တိုက်၏ ကားပါကင်နှင့် စျေးဝယ်စင်တာ ဆောက်လုပ်ရန် စျေးသည်များထံ သဘောတူညီမှု မရပါက စည်ပင်ကတဆင့် လာရောက်ဖျက်သိမ်းမည် ဖြစ်ကြောင်း သိရသည်။နာရီစင်ညစျေးဆိုင်ခန်းများကို ဖျက်သိမ်းပြီး ကုန်သည်လမ်းပေါ်တွင် ပြန်လည်နေရာချပေးရန် ကြားသိရသော်လည်း သေချာမှု မရှိကြောင်း ၎င်းက ဆက်ဆိုသည်။ညစျေးကို ဖျက်သိမ်းခံရပါက မှီခိုရောင်းချနေကြသော ဒေသခံများ၊ စစ်ဘေးရှောင်များ၏ စားသောက်ဆိုင်၊ ပျံကျစျေးဆိုင်ပေါင်း (၆၀၀)နီးပါး ဒုက္ခရောက်နိုင်ကြောင်း သိရသည်။



