ရှမ်းပြည်၊တာချီလိတ် သဲချောင်းထဲ ရေနစ်ခဲ့သည့် ကလေး ၃ ဦးစလုံး၏ ရုပ်အလောင်းများ ပြန်တွေ့

Feb 17 • 7:04 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်၊တာချီလိတ် သဲချောင်းထဲ ရေနစ်ခဲ့သည့် ကလေး ၃ ဦးစလုံး၏ ရုပ်အလောင်းများ ပြန်တွေ့

ရှမ်းပြည်တာချီလိတ်မြို့၊ မဲခေါင်မြစ်နံဘေး၊ ဒေသအခေါ် သဲချောင်းတွင် ရေဆော့ကစားရာမှ ရေနစ်ပျောက်ဆုံးနေသော ကလေး ၃ ဦး ၏ ရုပ်အလောင်းကို ရှာဖွေနေရာ ယနေ့တွင် အကုန်ပြန်တွ...

ရှမ်းပြည်တာချီလိတ်မြို့၊ မဲခေါင်မြစ်နံဘေး၊ ဒေသအခေါ် သဲချောင်းတွင် ရေဆော့ကစားရာမှ ရေနစ်ပျောက်ဆုံးနေသော ကလေး ၃ ဦး ၏ ရုပ်အလောင်းကို ရှာဖွေနေရာ ယနေ့တွင် အကုန်ပြန်တွေ့ရှိပြီဖြစ် ကြောင်း လူမှုကူညီသူများထံမှ သိရသည်။ရေနစ်မှုဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက် မှ ၅ ရက်အကြာ ယနေ့ နံ နက်ပိုင်းက ယင်းသဲချောင်းတစ်နေရာတွင်၂ ဦး၏ ရုပ်အလောင်းကို ကနဦး တွေ့ရှိခဲ့သည်။ကလေး ၂ ယောက်ပြန်တွေ့တဲအ ထဲမှာ ကျနော့်တူလေး ဇင်လင်ဖြိုး ပါလာပါတယ်ခင်ဗျ"ဟု ဦးလေးတော်စပ်သူက ပြောသည်။ နာရီပိုင်းအကြာတွင် ကျန်ကလေးတစ်ဦး၏ ရုပ်အ လောင်းအားလည်း ထပ်မံတွေ့ရှိကြောင်း ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်းကအသိပေးသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မိုင်းဖုန်းအုပ်စု၊ စံဖူးရွာရှိ သဲချောင်းအတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်မွန်းလွဲပိုင်းက ရေနစ်သေဆုံးခဲ့သော ကလေး ၃ ယောက် အနက်မှ ယနေ့မနက်ပိုင်းတွေ့ရှိခဲ့သော တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်နေ မောင်ဇင်လင်းဖြိုး အသက် (၁၆) နှစ်၊ မောင်ဖြိုးမင်းသန့် အသက် (၁၆) နှစ်တို့၏ နာ ရေးများကို လက်ရှိတွင် မဟာမြတ်မုနိ ဘုန်းကြီးကျောင်းတွင် ထားရှိထားပြီး ယနေ့ မွန်းလွဲတွင် ပုံလို့သုဿာန်တွင် မီးသင်္ဂြို ဟ်မည်ဖြစ်ကြောင်း ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းက ကြေညာထားသည်။

news-view-count-icon

16