ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှ ကားပွဲစားညီအစ်ကို နှစ်ဦးဖြစ်သည့် ကိုသက်ကိုဖြိုးနှင့် ကိုသက်မော်ထူးတို့သည် ဖေဖော်ဝါရီ ၁၄ ရက်က အောင်ပန်းမြို့၌ ကားဝယ်လက်ဟု ဆိုသူများနှင့် ချိန်းဆို၍ ကားသွားပြရာမှ လုယက်သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့သည်။ လူမှုကွန်ရက်ပေါ်မှတစ်ဆင့် ချိန်းဆိုထားသော ဝယ်လက်ဘက်မှ လူနှစ်ဦးခန့်က ၎င်းတို့ညီအစ်ကိုအား လုယက်ရန် ကြိုးပမ်းခဲ့ပြီး အသက် ၂၆ နှစ်အရွယ် ညီဖြစ်သူ ကိုသက်မော်ထူးကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကာ အစ်ကိုဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း အောင်ပန်းရဲစခန်းက ဆိုသော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးဘဲ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယခုနောက်ပိုင်း၌ ယာဉ်အရောင်းအဝယ်နှင့် ပတ်သက်၍ လုံခြုံရေးအရ စိုးရိမ်ဖွယ်ရာများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။
အောင်ပန်းတွင် ကားသွားပြသည့် အေးသာယာမှ ပွဲစားညီအစ်ကို နှစ်ဦး လုယက်သတ်ဖြတ်ခံရပြီး ညီဖြစ်သူ သေဆုံး
Feb 15 • 6:12 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 19 | 0 | 0 | 0 |


