အဆိုတော် ရှင်မင်းမြတ်အား ပြန်ပေးဆွဲတရားခံ မူဆယ်ရဲ မဖမ်းသေး

Feb 13 • 4:49 PM

breaking-news

မြန်မာ

ရှမ်း

cover

အဆိုတော် ရှင်မင်းမြတ်အား ပြန်ပေးဆွဲတရားခံ မူဆယ်ရဲ မဖမ်းသေး

ရှမ်းပြည်မြောက်ပိုင်းမှ မူဆယ် ကျားဖြန့်များက အဆိုတော် ရှင်မင်းမြတ်ကို ပြန်ပေးဆွဲ နှိပ်စက်ရိုက်နှက်ပြီး ကျပ်သိန်းထောင်ချီဖြင့် ပြန်ရွေးခိုင်းသည့်အမှုတွင် ယနေ့အထိ...

ရှမ်းပြည်မြောက်ပိုင်းမှ မူဆယ် ကျားဖြန့်များက အဆိုတော် ရှင်မင်းမြတ်ကို ပြန်ပေးဆွဲ နှိပ်စက်ရိုက်နှက်ပြီး ကျပ်သိန်းထောင်ချီဖြင့် ပြန်ရွေးခိုင်းသည့်အမှုတွင် ယနေ့အထိ တရားခံများအား မူဆယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်း မရှိသေးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ယင်းသို့ တရားခံကို ဖမ်းမမိခြင်းမှာ နယ်ထိန်းမှအစ ခရိုင်မှူး ပြည့်ဝင်းအောင် အလယ် ပြည်နယ်ရဲချုပ် ကျော်ကျော်ဟန် အဆုံး ကျားဖြန့်ထံမှ ဆက်ကြေး ယူထားသဖြင့် ရဲတပ်ဖွဲ့က ထိထိရောက်ရောက် မစုံစမ်းနိုင်ခြင်း ဖြစ်ကြောင်း ယင်းသတင်းရင်းမြစ်က ပြောသည်။ မူဆယ်မြို့တွင် ကျားဖြန့်ရုံ ၅၈ ရုံ၊ လောင်းကစားရုံ ၈၇ ရုံ၊ အနှိပ်ခန်း ၇၂ ခု၊ ပြည့်တန်ဆာရုံ အကြီး ၃၉ ရုံ အသေး ၅၉ ရုံ၊ တရားမဝင်အပေါင်ဆိုင်လုပ်ငန်း ၄၃ ခု ရှိပြီး လစဉ် လကုန်ပြီး ၅ ရက်အတွင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပြည့်ဝင်းအောင် ဦးဆောင်သည့် ရဲတပ်ဖွဲ့များထံ ဆက်ကြေးပေးရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။




news-view-count-icon

24